ကြံခင်း မတ် ၁၀

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၌ စားအုန်းဆီ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနိုင်စေရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းမော်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းတို့က စားအုန်းဆီဖြန့်ဖြူး‌ရောင်းချမှု ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

 အဆိုပါ အစည်းအဝေးသို့ ကြံခင်းမြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ် ၃၅ ဦး တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)