နောင်တရား မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ၃၆၀ ဦးရှိပြီး မြန်မာစာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ၃၄၈ ဦးရှိရာ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


