နေပြည်တော် မတ် ၁၀

 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီသင်တန်းများဖြစ်သည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် အေးမင်းဦးနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး သင်တန်းအလိုက် သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

 

ဖွင့်လှစ်သင်ကြား

အဆိုပါသင်တန်းများအား သင်တန်းသား ၁၅၀ ဖြင့် မတ် ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များတွင်လည်း အဆိုပါသင်တန်းများကို ကျောင်းသား ကျောင်းသူ သင်တန်းသား ၈၄၀ ဖြင့် မတ် ၁၀ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်