ပွင့်ဖြူ      မတ်       ၁၁

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ဖြေဆိုကျင်းပလျက်ရှိရာ စာမေးပွဲဖြေဆိုကြသော ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက စာစစ်ဌာနအလိုက် လုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စားမေးပွဲအား ပွင့်ဖြူ(အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်း ကျေးရွာ(အ.ထ.က) စာစစ်ဌာနတို့တွင် ဖြေဆိုလျက်ရှိပြီး ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၀၈၇ ဦး ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

အေတ