ကျိုက်ထို မတ် ၁၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖိနပ်ချုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးမြင့်လွင်က ဖိနပ်ချုပ်လုပ်ပုံအဆင့်ဆင့်ကို ပြောကြားသည်။ အဆိုပါသင်တန်းတွင် ဖိနပ်ပုံချ၊ ကတ္တီပါကပ်၊ ကော်သုတ်၊ ဆေးရိုက်၊ သဲကြိုးလုပ်၊ သဲကြိုးချုပ်၊ သဲကြိုးထိုး၊ သဲကွင်းချိန်၊ ခေါင်စိုက်၊ ကော်သုတ် ပြီးလှီး စသည်တို့ကို သင်တန်းသား သင်တန်းသူ ၃၄ ဦးတို့အား သုံးရက်ကြာ လက်တွေ့သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


