ဘားအံ မတ် ၁၀

 

နွေရာသီကျောင်း အားလပ်ရက်များတွင် ကျောင်းသား ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံသင်တန်းများဖြစ်သည့် အခြေခံ ကွန်ပျူတာသင်တန်း၊ အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် အခြေခံ ပန်းချီသင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းများမှ သင်ကြားပို့ချ ပေးမည့်ပညာရပ်များသည် လူငယ်လူရွယ်များအတွက် များစွာ အကျိုးဖြစ်ထွန်းစေနိုင်ပြီး အခြေခံ တတ်မြောက်ခြင်းမှသည် ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင် သည်အထိ လေ့လာမှတ်သား သင်ယူပါက ပညာရေးနယ်ပယ်နှင့် လုပ်ငန်းခွင် နယ်ပယ်များတွင် အထိုက်အလျောက် အထောက် အကူပြုနိုင်သည့်အတွက် ကြိုးကြိုးစားစား လေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားပြီး နွေရာသီ သင်တန်းများအတွက် ငွေကျပ် ၆၁၉၄၀၀ဝ ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးထံ ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ အားပေးစကား ပြောကြားကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမများ၌ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ စာတွေ့ လက်တွေ့သင်တန်းများ ဆွေးနွေး ပို့ချပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ မှာကြားသည်။

 

အဆိုပါ သင်တန်းများသို့ သင်တန်းသား သင်တန်းသူ ၁၄၀ တက်ရောက်ပြီး သင်တန်းများကို မတ် ၁၀ ရက်မှ ၃၁ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)