မော်လမြိုင် မတ် ၁၁
မွန်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ပေါ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မွန်ပြည်နယ်တွင် စာစစ်ဌာန ၃၂ ခုမှ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၉၉၁ ဦး စာရင်းသွင်းထားပြီး ယနေ့မြန်မာစာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ၁၀၅၉၉ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၆ ဒသမ ၄၁ ရာခိုင်နှုန်းရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


