ဘားအံ မတ် ၁၁

 

ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက်များနေခြင်းကို လျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းအဖွဲ့ဝင်များက မတ် ၁၀ ရက်နံနက်ပိုင်း၌ မိဇံတိုက်နယ်အတွင်း ပေါ့ထော်ကျေးရွာ၊ မိဇံကျေးရွာနှင့် စံဖရီးကျေးရွာများသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်သည်။

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း၊ မီးခိုးမြူငွေ့အန္တရာယ်အသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မီးလောင်ကျွမ်းခဲ့သည့်နေရာများသို့ ဒေသခံများနှင့်အတူ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)