ရန်ကုန် မတ် ၁၁
ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၌ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို မတ် ၁၁ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က အမှာစကား ပြောကြားပြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများအကြောင်း၊ မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဦးအောင်ခိုင်ထက်က လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေး ဥပဒေပါ အာမခံစနစ်များ၊ ထည့်ဝင်ကြေး နှုန်းထားများ ငွေကြေး အကျိုးခံစားခွင့်များနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းက လက်တွေ့အငြင်းပွားမှု ဖြေရှင်းနည်းကို သင်တန်းသားများနှင့် ဆောင်ရွက်သည်။
တက်ရောက်
အဆိုပါသင်တန်းသို့ မင်္ဂလာဒုံ မြို့နယ်နှင့် လည်းကူးမြို့နယ်တို့မှ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)


