နယူးယောက်   မတ်   ၁၁

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) သည်  စွမ်းအင်ဈေးနှုန်းများ ပြန်လည်ကျဆင်းစေရန် ၎င်းတို့၏ သမိုင်းတစ်လျှောက် အများဆုံးပမာဏဖြစ်သော အရန်သိုလှောင်ထားသည့် ရေနံစိမ်းများကို ထုတ်ယူသုံးစွဲနိုင်ရေး အဆိုပြုထားကြောင်း  အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

IEA  အမှုဆောင်ဒါရိုက်တာ  ဖာတီဘီရိုးလ်က မတ် ၁၀ ရက်က ပြုလုပ်သည့် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးတွင် ယင်းအဆိုပြုချက်ကို  တင်သွင်းခဲ့သည်ဟု ဝေါစထရိဂျာနယ်တွင်   ဖော်ပြထားသည်။   ယင်းအဆိုပြုချက် တင်သွင်းမှုနှင့်ပတ်သက်ပြီး  နီးစပ်သည့် တာဝန်ရှိသူများ၏ ပြောကြား ချက်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားမှုများကြောင့် ယခုသီတင်းပတ်အစောပိုင်းတွင် ရေနံဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းဖြစ်သည်။ IEA အဖွဲ့ဝင် ၃၂ နိုင်ငံသည်  ယင်းအဆိုပြုချက် ကို အတည်ပြုရန် ရှိ  မရှိ   ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဝေါစထရိဂျာနယ်တွင် ဖော်ပြထားသည်။

အင်န်အိတ်ချ်ကေ