ကိုလံဘို မတ် ၁၁
သီရိလင်္ကာနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသအတွင်းနေထိုင်ကြလျက်ရှိသည့် သီရိလင်္ကာနိုင်ငံသားများကို ကူညီမှုများပေးနိုင်ရန် သံတမန်ရေးရာ မစ်ရှင်များသို့ အရေးပေါ်ရန်ပုံငွေများ ခွဲဝေချထားပေးလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာ ပြည်ပအလုပ်အကိုင်ဗျူရို (SLBFE) မှ အကြီးတန်းအရာရှိတစ်ဦးက မတ် ၁၁ ရက်တွင် ပြောသည်။
SLBFE ဥက္ကဋ္ဌ ကိုရှာလာ ဝစ်ခရာမာဆင်းဂီက အဆိုပါရန်ပုံငွေများသည် သံရုံးများမှတစ်ဆင့် အခက်အခဲကြုံတွေ့နေသော သီရိလင်္ကာနိုင်ငံသားများအား အရေးပေါ်အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောသည်။ ဒေသတွင်းတင်းမာမှုများရှိနေသော်လည်း အနှောင့်အယှက်အဟန့်အတားမရှိ အရှေ့အလယ်ပိုင်းဒေသများသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသော သီရိလင်္ကာနိုင်ငံသားများ ဆက်လက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အရှေ့အလယ်ပိုင်းတွင် အလုပ်လုပ်ကိုင်လျက်ရှိသော သီရိလင်္ကာနိုင်ငံသား တစ်သန်းကျော်ရှိကြောင်း သိရသည်။
ဆင်ဟွာ


