မကွေး မတ် ၁၂
မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်း(မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းက အမှာစကားပြောကြားပြီး သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်း (မကွေး) ကျောင်းအုပ်ကြီး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်နှင့် သင်တန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အဆိုပါ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)တွင် ရုံးအကူဝန်ထမ်း စုစုပေါင်း ၄၀ အား အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ မတ် ၁၀ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


