ရေကြည် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အနာကြီးရောဂါသည်နှင့် အတူနေမိသားစုများအား SDR တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အနာကြီးရောဂါသည်နှင့် အတူနေမိသားစု စုစုပေါင်း ၂၇ ဦးအား Rifampicin 150 mg ဆေးပြားများကို အသက်အလိုက် လိုက်လံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးကြပြီး၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အနာကြီးရောဂါဖြစ်ပွားမှုကို ၅၈ ရာခိုင်နှုန်း ကာကွယ်မှုပေးကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)


