ဒလ မတ် ၁၂

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်းများကို ယမန်နေ့နံနက်ပိုင်းတွင် ထူးကြီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းကုသဆောင်ရွက်‌ပေးသည်၊၊

 

အသိပညာပေးဟောပြော

အဆိုပါ ကွင်းဆင်းဆေးကုသမှုကို ဒလမြို့နယ် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်က တိုင်းရင်းဆေး အကြောင်းအရာများနှင့် ဆီးချိုရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောသည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူးက တိုင်းရင်း‌ဆေးပညာဖြင့် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ကျေးရွာနေပြည်သူ ၆၇ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)