လီလောင်းဝီ   မတ်  ၁၂

မာလာဝီအစိုးရသည်   နိုင်ငံအတွင်း  ကမ္ဘာအနှံ့ဖြစ်ပွားသည့်ရောဂါ ကာကွယ်ရန်အဆင်သင့်ရှိမှုနှင့် တုံ့ပြန်‌မှုတို့ အားကောင်းစေရန်အတွက် ရန်ပုံငွေ အမေရိကန်‌ဒေါ်လာ ၂၅ သန်း ရရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မာလာဝီဆိုင်ရာကိုယ်စားလှယ် ချားစ် အန်ဂျူဂွန်နာသည် မာလာဝီနိုင်ငံ မြို့တော်လီလောင်းဝီအတွင်း မတ် ၁၀ ရက်က ကျန်းမာရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ဒုတိယဝန်ကြီး ချားစ်ချီလမ်ဘူလာနှင့် တွေ့စုံစဉ်  အဆိုပါရန်ပုံငွေကို   ကြေညာခဲ့ခြင်းဖြစ်သည်။

ဆောလျင်စွာ ရောဂါဆန်းစစ်ရှာဖွေရေးနှင့် စောင့်ရှောက်မှုအရည်အသွေးများ တိုးတက်စေရေး မာလာဝီဓာတ်ခွဲခန်းစနစ်များ အားကောင်းစေရန်အတွက် ထောက်ပံ့ကြေး ဒေါ်လာရှစ်သန်းကို လျာထားပြီးဖြစ်ကြောင်း အန်ဂျူဂွန်နာက ပြောကြားသည်။

မာလာဝီနိုင်ငံ၌ အဆိုပါထောက်ပံ့မှုသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ  အားကောင်းစေရန်၊ ရောဂါကာကွယ်မှုကို မြှင့်တင်ရန်၊ ရောဂါခုခံအား တိုးတက်ကောင်းမွန်စေရန်နှင့် ကူးစက်တတ်သောရောဂါနှင့် မကူးစက်တတ်သောရောဂါ နှစ်ခုလုံးကို ရင်ဆိုင်ဖြေရှင်းရန် အကူအညီဖြစ်စေမည် ဖြစ်သည်။                                             

ဆင်ဟွာ