မြစ်ကြီးနား မတ် ၁၄
မိုဘိုင်းလက်ကိုင်ဖုန်း သုံးစွဲသူပြည်သူများ စံချိန်စံညွှန်းနှင့် ကိုက်ညီစစ်မှန်ပြီး နိုင်ငံတော်သို့ ကျသင့် အခွန်အကောက်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ပြည်တွင်းတွင် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရေးအတွက် ဗဟိုမိုဘိုင်း စက်ပစ္စည်း သက်သေခံမှတ်ပုံတင် စနစ်လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကို ပြည်တွင်း အခွန်များဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
အဆိုပါ အသိပေးရှင်းလင်းပွဲတွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးမြင့်နိုင်က အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များနှင့် အခွန်ပေးသွင်းမှုဆိုင်ရာ ကိစ္စရပ်များကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဆောင်ရွက်နိုင်စေရေး ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity-CEIR) အကြောင်း သိကောင်းစရာများ၊ IMEI နံပါတ်အကြောင်း၊ အခွန် ပေးဆောင်မှု စိစစ်ခြင်း၊ CEIR စနစ်မှ အခွန်ပေးသွင်းနိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


