တောင်ကြီး မတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စု ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်းလယ်ယာနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ ဆောင်းနေကြာ ရုရှားမျိုး စိုက်ပျိုးထားသည့် အခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက သက်တန့်ရောင်စီမံကိန်း ရုရှားနေကြာမျိုး စိုက်ပျိုးထားရှိသည့် အသင်းသားများအား အပင်များ အပွင့်ပွင့်ချိန်ရောက်လာပြီဖြစ်၍ အပွင့်အားဆေးပေးခြင်း၊ ရေဖျန်းခြင်းများဆောင်ရွက်ရန်၊ အသက်ရက်အလိုက် ကျွေးရမည့် အစာအာဟာရများ အချိုးကျ အချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ရန်၊ ရာသီကုန်ချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်း ကြပ်မတ်ဆောင်ရွက် သွားကြရန်နှင့် အသင်းမှလိုအပ်သော ငွေကြေး၊ အရင်းအနှီး၊ နည်းပညာများ ရရှိစေရေးအတွက် သက်ဆိုင်ရာစိုက်ပျိုးရေးနည်းပညာရှင်များ၊ မြို့နယ်သမဝါယမအသင်းစုများနှင့် ပေါင်းစပ်ညှိနှိုင်းပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


