မကွေး မတ် ၁၅
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး တိုင်းဥပဒေချုပ်ရုံးရှိ ပါမောက္ခ ဦးလှအောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) ကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ဟူသည့် မျှော်မှန်းချက်ဖြင့် ပန်းတိုင် (၅) ရပ် ချမှတ်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အရင်းအမြစ်များဖြစ်သော ဥပဒေရုံး အဆင့်ဆင့်မှ စာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်သဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားပြီး မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေက ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများမှ စာရေးဝန်ထမ်း ၂၀ တက်ရောက်ခဲ့ပြီး နှစ်ရက်ကြာ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


