ဘားအံ မတ် ၁၅
ကရင်ပြည်နယ် ဘားအံမြို့ မြို့မဈေးကြီး၌ မီးဘေးကြိုတင် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
လေ့ကျင့်မှုများ ဆောင်ရွက်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အချက်ပေးသံချောင်း ခေါက်ခြင်း၊ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊ လျှပ်စစ်မီးလိုင်းများ ပိတ်ခြင်း၊ မီးသတ်ဆေးဘူး၊ ရေများ၊ သဲများ၊ အပေါ့စား မီးသတ်စက်ငယ်များဖြင့် မီးငြှိမ်းသတ်ခြင်းများကို မီးလောင်ပြင် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ငယ်၊ လုံခြုံရေးအဖွဲ့ငယ်၊ ပစ္စည်းသယ်ယူရေးအဖွဲ့၊ ပစ္စည်းသယ်ယူရေးအဖွဲ့ငယ်၊ ရေရရှိရေးအဖွဲ့ငယ်၊ မီးငြှိမ်းသတ်ရေးအဖွဲ့ငယ်၊ ဆက်သွယ်ရေးအဖွဲ့ငယ်များကို တာဝန်ပေးအပ်၍ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


