မြစ်ကြီးနား မတ် ၁၅
ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ် စားသုံးသူရေးရာ ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံနှင့် ကချင် ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်အတွင်း စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြ သူများက ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ဆိုင်ရာ ဗီဒီယိုကလစ်ကို ကြည့်ရှုကြပြီး ဝန်ထမ်းများက အခမ်းအနား တက်ရောက် လာသူများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသည့် အသင်းအဖွဲ့များ၊ စီးပွား ရေးလုပ်ငန်းရှင်များက ခန်းမရှေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ခင်းကျင်း ပြသထားသည့် အသိပညာပေး ပြခန်းငယ်ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


