ကိုလံဘို   မတ်   ၁၅

သီရိလင်္ကာနိုင်ငံ၌ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် မော်တော်ယာဉ်များလောင်စာဆီ ပြတ်လပ်မှုမဖြစ်စေရေးအတွက် ကျူအာရ်ကုဒ်စနစ်ဖြင့် အောက်တိုဘာ ၁၅ ရက်မှစတင်၍ လောင်စာဆီ ဖြန့်ဖြူးမည်ဖြစ်ကြောင်း  စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းစနစ်သည် အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီမှ စတင်အသက်ဝင်မည်ဖြစ်ပြီး ကျူအာရ်ကုဒ်စနစ်ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့်ယာဉ်များကို ဓာတ်ဆီဆိုင်များက လောင်စာဆီရောင်းချမည်မဟုတ်ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားသည်။ လောင်စာဆီထောက်ပံ့ရေးလမ်းကြောင်း များတွင် အခက်အခဲများဖြစ်ခြင်းနှင့် ပြည်တွင်းဝယ်လို အားမြင့်တက်ခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက စနစ်ကျစွာ စီမံခန့်ခွဲဆောင်ရွက်ခဲ့ကြောင်း  စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။  အစိုးရအနေဖြင့်   မော်တော်ယာဉ်များအတွက်   ကျူအာရ်ကုဒ်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းမှာ လောင်စာဆီဈေးကွက်အား လက်ဝါးကြီးအုပ်မှုများကို တိုက်ဖျက်ရန်နှင့်  လောင်စာဆီအခက်အခဲကြောင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ  မထိခိုက်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း ရှိ မရှိမဖြစ်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်မည့် မော်တော်ယာဉ်များအတွက်လည်း လောင်စာဆီပြတ်လပ်ခြင်းမရှိစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ