ပဲခူး မတ် ၁၅

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အခမ်းအနားကို ယမန်နေ့က မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦး က ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင်က ဦးဆောင်၍ ၂၀၁၆ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပရာ ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က သတ်မှတ်ထုတ်ပြန်သည့် ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေပြီး ယုံကြည်စိတ်ချရသော ထုတ်ကုန်များ၊ ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်း၍ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်အောင်က ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

 

လှည့်လည်ကြည့်ရှု

 

ယင်းနောက် အခမ်းအနား တက်ရောက် လာကြသူများက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ကြည့်ရှုကြပြီး တိုင်းဒေသကြီး ဝန်ကြီးများက စားသုံးသူရေးရာ ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အလှကုန်၊ စားသောက်ကုန် ပစ္စည်းများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သက်ဖြိုးကြိုင်(ပြန်/ဆက်)