ကိုလံဘို မတ် ၁၆
သီရိလင်္ကာနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ လုပ်သားများအား လောင်စာဆီချွေတာရေးဆောင်ရွက်ချက်အပြင် အရေးကြီးသည့်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် နေအိမ်မှ လုပ်ငန်းဆောင်ရွက်ရန် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား သမ္မတ အနုရာ ကုမာရာ ဒီဆာ နာယာကေးက ညွှန်ကြားခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်းမရှိမဖြစ် အရေးကြီးသည့် လုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းကဏ္ဍများ၏ လောင်စာဆီလိုအပ်ချက်နှင့် လုပ်ငန်းလည်ပတ်ရေး ပြန်လည်သုံးသပ်သည့်အစည်းအဝေးတွင် သမ္မတက အထက်ပါအတိုင်း ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းကဏ္ဍများတွင် ဖြစ်လာနိုင်သည့် အခက်အခဲများအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် လုပ်ငန်းကဏ္ဍများအချင်းချင်း လက်တွဲပြီး အစွမ်းထက်သည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ညွှန်ကြားခဲ့သည်။ လောင်စာဆီဖြန့်ဖြူးရေးဆိုင်ရာ ကျူအာရ်ကုဒ်စနစ်များကို မြှင့်တင်ဆောင်ရွက်ရန် ၎င်းက ညွှန်ကြားခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


