ဘီးလင်း မတ် ၁၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မုသင်ကျေးရွာ၌ မုသင်ကျေးရွာ ကြက်ခြေနီအသင်း ခွဲငယ်ထံသို့ အရေးပေါ်လူနာတင်ယာဉ်ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာ ကန်ကြီးဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဦးစွာ မုသင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုအေးက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြဦးက ကြက်ခြေနီအသင်းခွဲအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင် ဦးစိုင်းထွန်းလှိုင်က အရေးပေါ် လူနာတင်ယာဉ် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပရာ ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌက အလှူရှင် ဦးစိုင်းထွန်းလှိုင်နှင့် ဇနီး ဒေါ်ပန်းမဉ္ဇူထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


