နွားထိုးကြီး မတ် ၁၆
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့၌ မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပသည်။
ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး နေမျိုးကျော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မိုးဇော်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးစိုးလင်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာ့စီးပွားရေးဘဏ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


