မိုးနဲ မတ် ၁၆

 

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့်‌‌ ဆောင်ရွက်သော ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း သိရသည်။

 

မိုးနဲမြို့နယ်တွင် မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့် ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်း ခြောက်ဧကနှင့် ဌာနအစီအစဉ်ဖြင့် ဧက ၂၀ စိုက်ပျိုးထားရှိပြီး ပဲပုပ်စိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုး ဧက အပါအဝင် စုစုပေါင်း ပဲပုပ်စိုက်ဧက ၂၁၆၄ ဧက စိုက်ပျိုးထားရှိကာ ၁၃၄ ဧကမှာ ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရာသီအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သောနည်းပညာ၊ သွင်းအားစု၊ ပိုးမွှားကင်းစင်ရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)