ဟင်္သာတ မတ် ၁၆

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကုန်းကြီးကျေးရွာ နတ်မော်လမ်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးရုံး သင်တန်းခန်းမ၌ ယနေ့နံနက် ၁၀ နာရီက နွားမေထုန်မဲ့ သားစပ်ခြင်း၊ တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေဩဇာပြုလုပ်ခြင်း သင်တန်း(၂၀၂၆)ဖွင့်ပွဲ ကျင်းပသည်။

 

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာ မောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ဟင်္သာတမြို့နယ် ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင်က သင်တန်းဖွင့်လှစ်ပို့ချပေးနိုင် ခဲ့မှုများ၊ သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

အဆိုပါသင်တန်းကို မတ် ၁၆ ရက်မှ ၂၂ ရက်အထိ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)