နေပြည်တော် မတ် ၁၆

 

သီရိငါးမြို့နယ် အတွင်းရှိ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းရှင်များနှင့် မိုဘိုင်း လက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများအား ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (CEIR) အကြောင်း သိကောင်းစရာနှင့် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေနော်ဝင်းက အမှာစကား ပြောကြားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန သီရိငါးမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးလှငွေက CEIR စနစ်အကြောင်း သိကောင်းစရာများနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

လက်ကမ်းစာစောင်များ ဖြန့်ဝေ

 

ထို့နောက် တက်ရောက်လာကြသည့် ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်းသုံးစွဲသူ ပြည်သူများအား CEIR အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

တင့်ဖူးခိုင်(ပြန်/ဆက်)