ပြင်ဦးလွင် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ တရုတ်ဖူကျင်စာသင်ကျောင်း၌ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရဲတပ်ကြပ်ကြီးအေးစိုး(ဇင်ယော်)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ လမ်းမများပေါ်မှ အသံထွက်လူသတ်သမားများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ယာဉ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


