ရန်ကုန် မတ် ၁၆

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား တစ်ဦးအား လုပ်ငန်းခွင်အတွင်း၌ ထိခိုက်ခဲ့သော အမြဲတမ်း မသန်စွမ်း အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ထုတ်ပေးသည်။

 

လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Global Electric စက်ရုံမှ အာမခံအလုပ်သမား ဦးပြည့်စုံ‌အောင်၏ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ညာဘက်လက်ချောင်းများ ဖြတ်တောက်ခဲ့ရခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း ၅၄၀၂၀၇၄ ကျပ်အား ရန်ကုန် တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ကာယကံရှင်ထံ စက်ရုံမှတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေး‌ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)