နေပြည်တော် မတ် ၁၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒုတိယနှစ်ဝက် အတန်းတင်စာမေးပွဲများကို ယနေ့ စတင် ကျင်းပသည်။
စာမေးပွဲများ ကျင်းပရာသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား) ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ နောဓိဉာဏ အမှူးပြုသော ဌာနကြီးမှူးဆရာ တော်များ၊ ပါမောက္ခဆရာတော် များ၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် တာဝန်ရှိသူများက ကြွရောက် ကြည့်ရှုအားပေးကြသည်။
အဆိုပါ အတန်းတင်စာမေးပွဲများသို့ ပြည်တွင်း၊ ပြည်ပ သင်တန်းသား သင်တန်းသူ ၂၉၈ ပါး/ဦး ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲကာလမှာ မတ် ၁၆ ရက်မှ ၂၆ ရက်အထိ (ရုံးပိတ်ရက်များ မပါ) ကိုးရက်ကြာ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


