ကံမ မတ် ၁၇

 

သရက်ခရိုင် မီးသတ်ဦးစီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် ယနေ့တွင် ကံမမြို့ပေါ် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များအတွင်း တရားမဝင် လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန်နှင့် လျှပ်စစ်မီးသွယ်တန်း အသုံးပြုခြင်းမှ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး နှိုးဆော်သတိပေးခြင်းများကို ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦး၊ ကံမမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်၊ စည်ပင်အမှုဆောင်အရာရှိ ဦးမြင့်လှိုင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးထွန်းလွင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဒေါ်ဖူးငုံသင်းတို့နှင့်အတူ မီးဘေးသတိမူရေး နှိုးဆော်သတိပေးခြင်းများ ဆောင်ရွက်ကြသည်။

 

ထို့ပြင် ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကား၊ မီးသတ်ဆေးဘူးများ အသင့်ချိတ်ဆွဲထားရှိရန်၊ လောင်စာအမှိုက်များ စုပုံထားရှိခြင်း၊ အမှိုက်မီးရှို့ခြင်းများ မပြုလုပ်ရန်၊ လူအစောင့်မရှိဘဲ မီးဖိုမီးသုံးစွဲခြင်း မပြုလုပ်ရန်၊ လျှပ်စစ်ဝိုင်ယာကြိုးများ စနစ်တကျသွယ်တန်း အသုံးပြုရန်စသည့် မီးဘေးသတိမူရေးဆိုင်ရာ အကြံပြုချက်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကောင်းစစ်နိုင်