မြဝတီ မတ် ၁၇

 

ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ​ဗေဒဘာသာရပ်တို့ကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆို ပြီးစီးခဲ့သည်။

 

 မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ငါးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခုနစ်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းတို့မှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ စာရင်းရှိ ၁၃၇ ဦးအနက် ဖြေဆိုသူ ၁၂၇ ဦးရှိရာ ၉၂ ဒသမ ၇၀ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြပြီး ဘောဂ​ဗေဒဘာသာရပ်ကိုဖြေဆိုမည့် ကျောင်းသား ကျောင်းသူစာရင်းရှိ ၂၂၄ ဦးအနက် ဖြေဆိုသူ ၂၁၄ ဦးရှိရာ ၈၇၇၀ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ကြီးကြပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ တပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်း၍ အတွင်းစည်း အပြင်စည်း လုံခြုံရေးအဆင့်ဆင့် ကြီးကြပ်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)