ရန်ကုန် မတ် ၁၇
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
ဇာတ်တိုက်လေ့ကျင့်
မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေးသစ်ဈေးနှင့် ရွှေပြည့်စုံဈေးတို့အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဝင်းစိန် ဦးဆောင်၍ ဈေးတာဝန်ခံများနှင့်ဝန်ထမ်းများ၊ ဈေးသူ ဈေးသား ၇၀ တို့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)


