စစ်တွေ     မတ်   ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်  နွေရာသီ လူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်သည် ဓညဝတီအားကစားခန်းမ၌  ဘော်လီဘော သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုရာကစားသမားများက အခြေခံ လက်ပူးမ၊ လက်ဖျားတောက်ခြင်းတို့ကို ဘောလုံးမဲ့ပြသခြင်း၊ အခြေခံလက်ပူးမကို ဘောလုံးဖြင့် သရုပ်ပြသခြင်းနှင့် ဘောလုံးရိုကခုတ်မှုတို့ကို သရုပ်ပြသကြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအား  အားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေခရိုင်ပညာရေးမှူးရုံး ပညာရောင်ခြည်ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အေရိုးဗစ်သင်တန်းတွင် သင်တန်းသူများက အေရိုးဗစ်အခြေခံကကွက်များဖြင့် သရုပ်ပြသမှုကို ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား အားပေးစကား ပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ဓညဝတီအားကစားကွင်း၌ အမျိုးသား၊ အမျိုးသမီး ဘောလုံးသင်တန်းနှင့် ပြေးခုန်ပစ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုပြီး  အားပေးစကားပြောကြားကာ  သင်တန်းအလိုက် သင်တန်းသား  သင်တန်းသူများအား ချီးမြှင့်ငွေများပေးအပ်သည်။

ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင်    ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့  အတွင်းရေးမှူး မြေစာရင်းဦးစီးဌာန ဦးစီးမှူးက ဆွေးနွေးဆုံးဖြတ်ရန်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ  ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း  သိရသည်။      

တင်ထွန်း(ပြန်/ဆက်)