ထားဝယ် ၂၂ မတ် 

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)(ပထမနေ)ကို ယနေ့နံနက် ပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သား  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊လေ့လာသူ သတင်းမီဒီယာ(၂၁)ဦးတို့ တက်ရောက်ကြသည်။ 

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော် သမ္မတက ပေးပို့ထားသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက် ရယူခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။

 

111 DS

 

ထို့နာက်အစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်အပ်ရန် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၈ နှင့် အညီဆောင်ရွက်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ က ကန့်ကွက်ရန်  မရှိပါသဖြင့် လွှတ်တော်က သဘောတူကြောင်း အတည်ပြုဆုံးဖြတ်ခဲ့သည်။

 

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) ဒုတိယနေ့ ဆက်လက်ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို ထပ်မံအကြောင်းကြားသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN

 

222 DSC022