အလုံ မတ် ၁၈

 

အလုံမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ထိုသို့ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အလုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Shwe Taung Development Co.,Itd. မှ အာမခံအလုပ်သမား ဦးသန်းဇော်၏ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ခဲ့မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် ၁၅၀၀၀၀၀၀ ကို သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးကျော်ကျော်ထံ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံနှင့် တာဝန်ရှိသူများ၏ ရှေ့တွင် လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)