ရန်ကုန် မတ် ၁၈
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ HOB ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိနေသည့် စားသုံးဆီ တင်သင်္ဘောမှ သယ်ဆောင်လာသည့် စားသုံးဆီများ အလေးချိန်နှင့် အရည်အသွေးပြည့်မီမှု၊ စားသုံးဆီများအား ဆီကန်များအတွင်းသို့ ထည့်သွင်းသိုလှောင်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းရုံးမှ တာဝန်ရှိသူများ၊ MITS မှ တာဝန်ရှိသူများ၊ စားသုံး သူရေးရာဦးစီးဌာန ခရိုင်စုစည်းမှုအဖွဲ့မှ တာဝန်ရှိသူများသည် စားသုံး ဆီတင် MT AU GEMINI သင်္ဘောမှ စားသုံးဆီများ အရည်အသွေး၊ အလေးချိန်နှင့် သန့်ရှင်းမှုများကို စစ်ဆေးပြီး စားသုံးဆီများ လွှဲပြောင်း လက်ခံရယူကာ ဆီသိုလှောင်ကန်များအတွင်းသို့ စနစ်တကျ ထည့်သွင်းနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး


