ရန်ကုန် မတ် ၁၈

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ဈေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဥက္ကံဈေးနှင့် တိုက်ကြီးမြို့မဈေးတို့အား ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးက ဈေးတာဝန်ခံနှင့် ဈေးသူဈေးသားများအား ပွင့်လင်းရာသီတွင် လောင်ကျွမ်းမှုမြန်စေသည့် အမိုးအကာများ ဖြုတ်သိမ်းရေး၊ ဈေးများပိတ်ချိန်တွင် ဈေးတာဝန်ခံ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ပြီး မှတ်တမ်းထားရှိရေးနှင့် မီးဘေးလုံခြုံရေးအရ ဈေးအတွင်းညအိပ်ခြင်းနှင့် မီးသုံးစွဲခြင်းများ မပြုလုပ်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)