ဘားအံ မတ် ၁၈

 

ဘားအံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက ဘားအံမြို့ လှာက မြင်ကွက်သစ်ရှိ ဘားအံခရိုင် မီးသတ်စခန်း၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ကရင်ပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသည့် ရေကြီးရေလျှံမှုများတွင် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်နိုင်စေရေးနှင့် အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များတွင် သဘာဝဘေးဖြစ်ပွားပါက ကရင်ပြည်နယ်မှ သန္ဓေ၊ အရန်ပူးပေါင်းအဖွဲ့များ သွားရောက် ကူညီနိုင်ရေးအတွက် သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် သင်ယူခဲ့သည့် ရှာဖွေကယ်ဆယ်ရေး အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာအားထုတ်သွားကြစေလိုကြောင်း အမှာစကားပြောကြားသည်။

 

ဖွင့်လှစ်

အဆိုပါသင်တန်းကို မတ် ၁၈ ရက်မှ ၃၁ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်များမှ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၅ ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)