ဘီးလင်း မတ် ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ နွေရာသီကာလအတွင်း သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ သောက်သုံးရေကန်များသို့ ရေများဖြည့်တင်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ လိုက်လံဖြည့်တင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သောက်သုံးရေကန်များသို့ ရေများဖြည့်တင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဘီးလင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ သောက်သုံးရေကန် ခုနစ်ကန်သို့ ရေသယ်ယာဉ်နှစ်စီးဖြင့် ရေဂါလန် ၂၀၄၀၀ ကို ဖြည့်တင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


