မကွေး မတ် ၁၈
မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မတ် ၁၅ ရက် နံနက်၁၀ နာရီက အဆိုပါအသင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဦးစံကျော်ဝင်းနှင့် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းတို့က အမှာစကားပြောကြားပြီး ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်သွားကြရန်မှာကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ နှစ်ချုပ်စစ်ဆေး ချက်အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးမှ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


