ပုသိမ် မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ နိုင်ငံတော်က ချမှတ်ထားသော စက်သုံးဆီ ခြိုးခြံချွေတာရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနေခြင်း ရှိ၊ မရှိကို ဧရာဝတီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် ဦးဆောင်သော ဧရာဝတီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များသည် ပုသိမ်မြို့အတွင်းရှိ စက်သုံးဆီဆိုင်များ၌ မီးဘေးကာကွယ်ရေး ဆောင်ရွက်ထားခြင်း ရှိ၊ မရှိနှင့် စည်းကမ်းချက်များနှင့်အညီ ရောင်းချနေခြင်း ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


