သရက် မတ် ၁၉

 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုတစ်နှစ်ပြည့် အသိပညာပေးလှုပ်ရှားမှုအနေဖြင့် ငလျင်ဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ သရက်မြို့အတွင်းရှိ ဇော်ဂျီရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ ရုံးရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၊ တောင်မင်းတည်းရပ်ကွက်၊ မြောက်မင်းတည်း ရပ်ကွက်၊ ဈေးရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးနှင့် ဝန်ထမ်းများက လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)