ဝါးခယ်မ မတ် ၁၉
ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျောင်းစုကျေးရွာ၌ ယနေ့နံနက်ပိုင်းက နေအိမ်များသို့ လိုက်လံကာ မီးသုံးစွဲမှုများ စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ထွေးအောင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွင်မိုးနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်များအား တစ်အိမ်တက်ဆင်း လိုက်လံကာ ထင်းမီး/ လျှပ်စစ်မီး သုံးစွဲမှုများ၊ မီးချိတ်၊ မီးကပ်ထားရှိမှုများ၊ ရေပုံး၊ သဲပုံး ထားရှိဆောင်ရွက်မှုများကိုစစ်ဆေးခဲ့ပြီး မီးသုံးစွဲမှုနှင့် ပတ်သက်၍ အသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)


