မှော်ဘီ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆံပင်နှင့်မျက်နှာ ပြုပြင်ထိန်းသိမ်းခြင်းပညာရပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက သန္ဓေပင်အခြေခံပညာအထက်တန်းကျောင်း(ပညာသန္ဓေ)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်၊ Sheworks Vocatining Programme Founder ဆရာမဒေါ်ရွှေယမင်းဦး၊ Managing Director Of Action for Green Earth Company ဆရာဦးချစ်မြတို့က အမှာစကားပြောကြားပြီး Merry Beauty Salon သင်တန်းတာဝန်ခံ ဆရာမဒေါ်မေရီက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်း၏အကျိုးသက်ရောက်မှုများကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းအား စာတွေ့၊ လက်တွေ့ ၁၄ ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်


