ဆိပ်ဖြူ မတ် ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ ဝေါဗွီးရှင်း(မြန်မာ) ဒေသဖွံ့ဖြိုးရေး ဆိပ်ဖြူမြို့နယ်ရုံးက ငွေကျပ် (၂၇၃) သိန်းကျော်တန်ဖိုးရှိ ဆေးကုသရာတွင်အသုံးပြုသည့် စက်ပစ္စည်းများနှင့် မွေးကင်းစကလေးငယ်များ အသုံးဆောင်ပစ္စည်းများကို မတ် ၁၉ ရက် ညနေပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဝေါဗွီးရှင်း(မြန်မာ)ဒေသဖွံ့ဖြိုးရေး ဆိပ်ဖြူမြို့နယ်ရုံး ဒေသတာဝန်ခံမန်နေဂျာနှင့် ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးဝါကုသမှုခံယူလျက်ရှိသည့် လူနာများအတွက် အရေးပေါ် လက္ခဏာစောင့်ကြည့်စက်(Patient Monitor) တစ်လုံး၊ နှလုံးပြန်နှိုးစက် (Defibrillater) တစ်လုံး၊ အောက်စီဂျင် Pressure နှင့် ဖြည့်သွင်းစက် (CPAP Machine) တစ်လုံးနှင့် မွေးကင်းစကလေးငယ် အသုံးအဆောင်ပစ္စည်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထက်အောင်ထံ ပေးအပ်လှူးဒါန်း ခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)


