နေပြည်တော် မတ် ၂၀

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေးသည် အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင် နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်မှုထမ်းများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးချင်း၏ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း၍ အားပေးစကားပြောကြားပြီး ဆေးရုံတက် လူနာများအတွက် ချီးမြှင့်ငွေနှင့် အာဟာရဖြည့် အစားအသောက်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်