မန္တလေး မတ် ၂၀

တတိယအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦး တက်ရောက်ကြသည်။

 

ဦးစွာ သဘာပတိအဖြစ် ပြည်ကြီးတံခွန်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်ကို တင်မြှောက်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် မိတ္ထီလာမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရမည်းသင်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့အား ရွေးကောက်တင်မြှောက်သည်။

 

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့က သဘာပတိ ရှေ့မှောက် တွင် ကတိသစ္စာပြုခြင်းနှင့် ကတိ သစ္စာပြုချက်တွင် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ကြပြီး သဘာပတိက လွှတ်တော်ဥက္ကဋ္ဌထံ တာဝန်လွှဲ ပြောင်းပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

မြင့်မော်ထွန်း(ပြန်/ဆက်)