ဘားအံ မတ် ၂၀
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ပျက်ကွက်သူမရှိ ရာနှုန်းပြည့် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဘားအံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစောမြင့်ဦးအား သဘာပတိအဖြစ် တင်မြှောက်ကြပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် သံတောင်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစန်းကိုအား လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးအေးမင်းထွေး အားလည်းကောင်း အမည်စာရင်းသွင်းထောက်ခံ၍ တင်မြှောက်ခဲ့ကြသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုး၍ သဘာပတိက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား လွှတ်တော်အစည်းအဝေးဆိုင်ရာ လုပ်ငန်း တာဝန်များကို လွှဲပြောင်းပေးအပ်ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
(ခရိုင် ပြန်/ဆက်)


